ဥက္ကဋ္ဌ၏ဥယျောဇဉ်

ဥက္ကဋ္ဌဦးဇော်ဇော်

မက်စ်မြန်မာဟိုင်းဝေးကုမ္ပဏီသည်ခရီးသွားပြည်သူများအားအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်နှင့် အဝေးပြေးလမ်းမကြီးအား အဆင့်မြင့်စွာတိုးချဲ့လုပ်ကိုင်ခြင်းကိုစဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိရာ ယခု၉နှစ်တာပြည့်ခဲ့ပြီဖြစ်ပါသည်။

၂၀၀၈ခုနှစ်မှစ၍ ခရီးသွားပြည်သူများသာမက ရောင်းဝယ်ဖောက်ကားခြင်းနှင့်ဆိုင်သောကုန်းလမ်းသယ်ယူပို့ဆောင်ရေးယာဉ်များသည် ရနှစ်တာအတွင်းအရေအတွက်များပြားလာပြီးတိုးတက်လာလျက်ရှိသည်။
မက်စ်ကုမ္ပဏီသည် အဝေးပြေးလမ်းမများတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာနည်းပညာများနှင့်လမ်းပန်းစီမံခန့်ခွဲမှုုများပေါင်းစပ်ကာ ဖြတ်သန်းသွားလာသောကားအရေအတွက်များပိုမိုများပြားခို်င်မာလာစေရန် ရည်ရွယ်သည်။
မက်စ်ဟိုင်းဝေးမှ အဝေးပြေးလမ်းဟောင်းများအသစ်တိုးချဲ့ရေးနည်းပညာများနှင့် တင်ဒါစနစ်ပေါ်အခြေခံ၍ အကြီးစားပြုပြင်ခြင်းများကိုဆက်လက်စောင့်ကြည့်ပြီးလိုအပ်သလိုပြုပြင်မွမ်းမံမှုများလုပ်ဆောင်သွားမည်ဖြစ်ပါသည်။
စီမံခန့်ခွဲရေးအဖွဲ့သည်ရန်ကုန်-ပဲခူး အဝေးပြေးလမ်း နှင့် ရန်ကုန်-မကွေးအဝေးပြေးလမ်းအားပထမတန်းစားအဝေးပြေးလမ်းမကြီးများအဖြစ်ဆက်လက်ထိန်းသိမ်းသွားပြီးအသုံးပြုသူခရီးသွားများအား အကောင်းဆုံးဝန်ဆောင်မှုပေးရန် ကြိုးစားလျက်ရှိပါသည်။
အနာဂတ်သို့မျှော်မှန်းကာ မက်စ်ဟိုင်းဝေးကုမ္ပဏီသည် ခရီးသွားပြည်သူများကိုရှေးရှု၍ လမ်းခရီး အန္တရယ်ကင်းစွာနှင့်အရည်အသွေးကောင်းမွန်စွာဖြတ်သန်းသွားလာနို်င်ရန် ယာဉ်လမ်းကြောထိန်းသိမ်းမှုများနှင့် လုပ်ငန်းစဉ်စီမံခန့်ခွဲမှုများကိုစဉ်ဆက်မပြတ်ကြိုးစားလျက်ရှိပါသည်။

ဦးဇော်ဇော်

ဥက္ကဌ