ပရောဂျက်များ

Max Highway Co., Ltd - လမ်းမကြီးများ ရေရှည်ကြံ့ခိုင်ရန် အရည်အသွေးစစ်ဆေးတိုင်းတာခြင်း လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

လမ်းမကြီးများ ရေရှည်ကြံ့ခိုင်ရန် အရည်အသွေးစစ်ဆေးတိုင်းတာခြင်း လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

Max Highway Co.,Ltd အနေဖြင့် လမ်းပြုပြင်ထိန်းသိမ်းခြင်း ၊ တိုးချဲ့ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည့်အတွက် လမ်းမကြီးများ ရေရှည်ကြံ့ခိုင်ရန်အတွက် လိုအပ်သည့် အရည်အသွေးစစ်ဆေးတိုင်းတာခြင်း နှင့် ပတ်သက်၍ ရန်ကုန် - ပြည် လမ်းမကြီးအား အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို Max Highway Co.,Ltd , Max Construction နှင့် Nippon Koei ကုမ္ပဏီတို့ ညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို နိုဝင်ဘာလ ၈ ရက်နေ့က Max Highway ရုံးချုပ်တွင် ပြုလုပ်ခဲ့သည် ။

အသေးစိတ်
Max Highway Co., Ltd - ဇီးကုန်းတိုးဂိတ် ကတ္တား စံနှုန်းစစ်ဆေးမူပြုလုပ်

ဇီးကုန်းတိုးဂိတ် ကတ္တား စံနှုန်းစစ်ဆေးမူပြုလုပ်

ဇီးကုန်းတိုးဂိတ် ကတ္တား စံနှုန်းစစ်ဆေးမူအား ပြည်သူ့ဆောက်လုပ်ရေးဌာနမှ တာဝန်ရှိသူများ ဇီးကုန်းမြို့နယ် တာဝန်ရှိသူများ၊ Max Highway ကုမ္ပဏီမှတာဝန်ရှိသူများ၊ မော်တော်ယာဉ်အသင်းတာဝန်ရှိသူများနှင့်အတူ စံနှုန်းတုံး ၊ ကုန်အပါ ၊ ကုန်အလွတ် တို့ဖြင့် ချိန်တွယ်စစ်ဆေးခဲ့ပါသည် ။ သတ်မှတ်ထားသော အလေးချိန် စံချိန် စံညွှန်းများ ကိုက်ညီမှု့ရှိကြောင်း၊ အလေးချိန်များ မှန်ကန်တိကျစွာ ချိန်တွယ်နိုင်ကြောင်းအားလုံးမှ လက်ခံသဘောတူညီခဲ့ကြပါသည်။

အသေးစိတ်