ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော ပြည် – အောင်လံ လမ်းပိုင်းအား ပြန်လည်ပြုပြင်

Aung Lan (4)

ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ပျက်စီးသွားသည့် ပြည် – အောင်လံ လမ်းပိုင်းမှ လမ်းနယ်အချို့အား Max Highway Co.,Ltd မှ ပြန်လည်ပြုပြင်မှုများ ပြုလုပ်လျက်ရှိ်သည် ။
လွန်ခဲ့သော ရက်များအတွင်းက ကားလမ်းများပေါ် ရေကျော်ရာမှ လမ်းဧရိယာတစ်ချို့ ပျက်စီးသွားခဲ့သဖြင့် ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူချောမွေ့စေရန် ယခုကဲ့သို့ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပေးနေခြင်း ဖြစ်သည်။
ရေကြီးရေလျှံမှုကြောင့် ပျက်စီးယိုယွင်းမှုရှိသော လမ်းဧရိယာများကို Max Highway Co.,Ltd မှ စဉ်ဆက်မပြတ် ပြုပြင်ထိမ်းသိမ်းမှုများ ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်သည်။
ဆက်လက်၍ Max Highway Co.,Ltd မှ (ပြည် – အောင်လံ) လမ်း ၊ (ရန်ကုန် – ပဲခူး) လမ်းတို့တွင် သွားလာရေး လွယ်ကူစေရန် လမ်းများပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်းနယ်အတွင်း လှပသာယာရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။

Aung Lan (1)