B.O.T

ကျွန်ုပ်တို့၏ Operation များ

Max Highway ကုမ္ပဏီသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ B.O.T နှင့် တင်ဒါစနစ် စံနှုန်းသတ်မှတ်ချက်အတိုင်း တံတားများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို (ရန်ကုန်၊ ပဲခူးနှင့် မကွေး) စသည်ဖြင့် အပိုင်း ၃ပိုင်း ခွဲ၍ လုပ်ကိုင် ဆောင်ရွက်လျှက်ရှိပါသည်။

Max Highway ကုမ္ပဏီသည် ထောက်ကြံ့ − ပဲခူးလမ်းပိုင်း (၃၂/၆) မိုင်အား လမ်းပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်းအသုံးပြုခ ကောက်ခံခြင်းတို့ကို ၂၀၀၈ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့ပါသည်။

ကုမ္ပဏီသည် BOT နှင့် တင်ဒါ လိုင်စင်ဖြင့် စုစုပေါင်း (၄၅၂/၄)မိုင် အကွာအဝေးအား လမ်းအသုံးပြုခကောက်ခံလျှက်ရှိပြီး အသေးစိတ် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

B.O.T စနစ် မိုင် စုစုပေါင်းမိုင်
ရန်ကုန်တိုင်း ဒေသကြီး (၁၄၉/၇) (၂၉၆/၇)
ပဲခူးတိုင်း ဒေသကြီး (၃၈/၁)
မကွေးတိုင်း ဒေသကြီး (၁၀၈/၇)
တင်ဒါစနစ် မိုင် စုစုပေါင်းမိုင်
ပဲခူးတိုင်း ဒေသကြီး (၁၀၈/၀) (၁၅၅/၅)
မကွေးတိုင်း ဒေသကြီး (၄၇/၅)
(၄၅၂/၄)

နေ့စဉ်လမ်းအသုံးပြုခ ကောက်ခံနှုန်းထားများသည် ခရီးမိုင်အကွာအဝေးပေါ်တွင် မူတည်၍ ကောက်ခံသော ပုံမှန် စံနှုန်းထားများ ဖြစ်ပါသည်။

ဒေသအလိုက် Operation များ

Max Highway ကုမ္ပဏီသည် ပြုပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လမ်းအပိုင်းလိုက် လုပ်ဆောင်လျှက်ရှိပြီး လမ်းအပိုင်းလိုက် လမ်းအသုံးပြုခနှုန်းထား အသေးစိတ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Max Highway Co., Ltd - ရန်ကုန် – ပဲခူး

ရန်ကုန် – ပဲခူး

View more
Max Highway Co., Ltd - ရန်ကုန် – ပြည်

ရန်ကုန် – ပြည်

View more
Max Highway Co., Ltd - ပြည် – မကွေး

ပြည် – မကွေး

View more