ရန်ကုန်-ပဲခူး

လမ်းမကြီးများ ရေရှည်ကြံ့ခိုင်ရန် အရည်အသွေးစစ်ဆေးတိုင်းတာခြင်း လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

Max Highway Co.,Ltd အနေဖြင့် လမ်းပြုပြင်ထိန်းသိမ်းခြင်း ၊ တိုးချဲ့ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည့်အတွက် လမ်းမကြီးများ ရေရှည်ကြံ့ခိုင်ရန်အတွက် လိုအပ်သည့် အရည်အသွေးစစ်ဆေးတိုင်းတာခြင်း နှင့် ပတ်သက်၍ ရန်ကုန် - ပြည် လမ်းမကြီးအား အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို Max Highway Co.,Ltd , Max Construction နှင့် Nippon Koei ကုမ္ပဏီတို့ ညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို နိုဝင်ဘာလ ၈ ရက်နေ့က Max Highway ရုံးချုပ်တွင် ပြုလုပ်ခဲ့သည် ။

အသေးစိတ်

ဇီးကုန်းတိုးဂိတ် ကတ္တား စံနှုန်းစစ်ဆေးမူပြုလုပ်

ဇီးကုန်းတိုးဂိတ် ကတ္တား စံနှုန်းစစ်ဆေးမူအား ပြည်သူ့ဆောက်လုပ်ရေးဌာနမှ တာဝန်ရှိသူများ ဇီးကုန်းမြို့နယ် တာဝန်ရှိသူများ၊ Max Highway ကုမ္ပဏီမှတာဝန်ရှိသူများ၊ မော်တော်ယာဉ်အသင်းတာဝန်ရှိသူများနှင့်အတူ စံနှုန်းတုံး ၊ ကုန်အပါ ၊ ကုန်အလွတ် တို့ဖြင့် ချိန်တွယ်စစ်ဆေးခဲ့ပါသည် ။ သတ်မှတ်ထားသော အလေးချိန် စံချိန် စံညွှန်းများ ကိုက်ညီမှု့ရှိကြောင်း၊ အလေးချိန်များ မှန်ကန်တိကျစွာ ချိန်တွယ်နိုင်ကြောင်းအားလုံးမှ လက်ခံသဘောတူညီခဲ့ကြပါသည်။

အသေးစိတ်

Max Highway (Toll Collection Unit)မှ တာဝန်ရှိသူများ ကဒ်စနစ်ဖြင့် ငွေပေးချေမူစနစ်များကို သွားရောက်လေ့လာ

ငွေအကြွေပြဿနာများ လျော့နည်းသွားစေရန်နှင့် ငွေပေးချေမူအတွက် အချိန်ကြန့်ကြာမူများအား ပြေလည်သွားစေရန်အတွက်လည်း ကဒ်စနစ်ဖြင့်အသုံးပြုမည့် Touch & Go (smart card system) စနစ်အားလည်း အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။

အသေးစိတ်

IT Fundamental & Awareness Training ပြုလုပ်

Max Highway Company မှ System တပ်ဆင်အသုံးပြုလျက်ရှိသော Toll Plaza များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော IT ဝန်ထမ်းများအား IT Fundamental & Awareness Training (Volume 1) ကို ပို့ချသင်ကြားခဲ့ပါသည် ။

အသေးစိတ်

ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်း၊ တံတားများပေါ်တွင် တန်ပို တင်ဆောင် ဖြတ်သန်းခြင်း မပြုရန် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဆောက်လုပ်ရေးဝန်ကြီး ဌာနပိုင် လမ်း၊ တံတားများပေါ်တွင် တန်ပိုတင်ဆောင် ဖြတ်သန်းခြင်းကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ခွင့်မပြုကြောင်းကို ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများ သိရှိလိုက်နာနိုင်စေရန် အတွက် ဧပြီလ မတိုင်မီ ပညာပေးကာလ အဖြစ် သတ်မှတ်ထားရာ ဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း Max Highway ကုမ္ပဏီ၏တိုးဂိတ်များတွင် ဖြတ်သန်းသွားလာ နေသော ကုန်တင်ယာဉ်ကြီးများအား ယနေ့ ဖေဖော်ဝါရီလ ၂၁ရက်နေ့မှ စတင်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို လုပ်ဆောင်လျှက်ရှိပါသည်။

အသေးစိတ်