ဗိုလ်ချုပ်အောင်ဆန်းဖလား ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန်ငွကျပ်သိန်းနှစ်ဆယ်နှင့် ဘောလုံး ငါးဆယ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းဖလား ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန်အတွက် Max Highway Co.,Ltd မှ Main sponsor အနေဖြင့် ငွေကျပ်သိန်းနှစ်ဆယ်နှင့် ဘောလုံး ငါးဆယ်လုံးတို့ကို ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီသို့ ၁.၁၂.၂၀၁၇ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ပါသည် ။
အဆိုပါ ဘောလုံးပြိုင်ပွဲသို့ အသင်းပေါင်း ၁၇သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၃ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး Max Highway Co.,Ltd အနေဖြင့် ယခုပြိုင်ပွဲမှသည် အနာဂတ်တွင် တောက်ပသည့် ဘောလုံးကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် ဘောလုံးပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည် ။