ဧရာဝတီဖောင်ဒေးရှင်းမှ မိုးမေတ္တာနာရေးကူညီမှုအသင်း (ပြည်) သို့အလှုငွေသိန်း ၅၀ကျပ် ပေးအပ်လှူဒါန်း

AYA Donation 7 16 (2)ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့သားတွေဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ပြည်မြို့သို့သွားရောက်ပြီး ဒေသခံလူမှုရေးအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ မိုးမေတ္တာနာရေးကူညီမှုအသင်း (ပြည်)သို့အလှုငွေကျပ် သိန်း (၅၀) အား ပေးအပ်လှုဒါန်းခဲ့ကြပါတယ်။ မိမိတို့ ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ အဓိကအားဖြင့် ပညာရေးဆိုင်ရာထောက်ပံ့မှုများကို စဉ်ဆက်မပြတ်ပြုလုပ်ပေးနေလျက်ရှိပြီး ကျန်းမာရေးနဲ့အခြား လူမှုရေးဆိုင်ရာ ထောက်ပံ့မှုများကိုလည်း အခါအားလျော်စွာ ပြုလုပ်ပေးလျက်ရှိပါတယ်။