Max Highway Co.,Ltd ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခြောက်လပတ် အစည်းအဝေးကျင်းပ

Max Highway Co.,Ltd ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခြောက်လပတ် အစည်းအဝေးကို ၂၆ . ၁၀ . ၂၀၁၇ ရက်နေ့တွင် Novotel Hotel (Pathein Ballroom) ၌ကျင်းပပြုလုပ်ခဲ့ပါသည် ။ အစည်းအဝေးသို့ Max Myanmar Group of Companies ဥက္ကဌ ဦးဇော်ဇော် ၊ ဒုဥက္ကဌ ၊ အမှုဆောင်အရာရှိများနှင့် Max Highway Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည် ။ Max Myanmar Group of Companies ဥက္ကဌ ဦးဇော်ဇော် မှ အဖွင့်အမှာစကား ပြောကြားပြီး သက်ဆိုင်ရာ လုပ်ငန်းတာဝန်ရှိသူများမှ ခြောက်လအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် အသေးစိတ်အား ဆွေနွေးတင်ပြခဲ့ကြပါသည် ။